Friday 21 June 2013

Posted by jinson on 18:37 No comments

ဒီ root လုပ်တဲ့ method လေးကတော့ အောက်မှာပြထားတဲ့ device တွေမှာပြုလုပ်လို့ရပါတယ် ။



  • International Galaxy S4 GT-I9500 , GT-I9505 
ပထမဆင့် ။     ။ မိမိဖုန်းကိုပိတ်လိုက်ပါ ။ ထို့နောက်   Volume Down,  Home နဲ့ Power buttons ကိုနှိပ်ပီး samsung စာတန်းပေါ်လာတဲ့အခါ ဖိထားတဲ့ button ကိုတပြိုင်ထဲလွှတ်လိုက်ပါ ။ ထိုအခါ Download mode ထဲသို့ရောက်ရှိသွားပါမယ် ။ 

ဒုတိယဆင့် ။     ။ warning screen တက်လာသောအခါ volume up တချက်နှိပ်လိုက်ပါ ဒါဆို ဖုန်းမှာအသင့်ဖြစ်သွားပါပီ ။ 

တတိယအဆင့် ။       ။     I9500Root   I9505Root မိမိဖုန်းနဲ့ကိုက်ညီမဲ့  root ဖိုင်လေးကိုဒေါင်းလုဒ်ပြုလုပ် ပြီးဇစ်ဖြည်လိုက်ပါ ။ ထို့နောက် ဇစ်ဖြည်လို့ရလာတဲ့ ဖိုဒါထဲက Odinဆိုတဲ့ဖိုင်လေးကို run ပေးပါ ။ 

စတုထ္တဆင့် ။       ။ အဲဒီနောက် Odin ထဲက PDA ဆိုတဲ့ အကွက်လေးကို အမှန်ခြစ်ပေးပီး PDA ကိုနှိပ်လိုက်ပါ ။ အဲဒီအခါ အထက်အဆင့်က ဇစ်ဖြည်လို့ရလာတဲ့ CF-Auto-Root-ja3g-ja3gxx-gti9500.tar.md5 (for I9500)/ CF-Auto-Root-jflte-jfltexx-gti9505.tar.md5 (for I9505) ဖိုင်ကိုရွေးပီး Ok လုပ်လိုက်ပါ ။ 

ပဉ္စမအဆင့် ။     ။  download mode ၀င်ထားတဲ့ဖုန်းကို ကွန်ပျူတာနဲ့ USB ကြိုးအသုံးပြုပြီး ချိတ်ဆက်လိုက်ပါ ။ အဲဒီအခါ Odin မှ ID:COM ဆိုတဲ့စာသားအောက်ကအကွက်ထဲမှာ အ၀ါရောင် ( တချို့အပြာရောင်ပေါ်ပါသည်။ အရောင်ကပြသနာမရှိပါ ) ပေါ်လာပါမယ် ။ အဲဒီကျရင် Odin က Start ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ ။ 
အဲဒီအခါ Odin မှ root ကိုစတင်အင်စတောနေပါလိမ့်မယ် ။ 


ဆဌမအဆင့်။     ။  Odinမှာ Pass ဖြစ်သွားတာနဲ့ ဖုန်းက အော်တို ရီစတက်ချ ပီးလိုအပ်သည်များကိုအလုပ်လုပ်နေ ပါလိမ့်မယ် ။ ထိုအခါ Odin ကိုပိတ်လို့ရသွားပါပြီ ။ ထို့နောက် ဖုန်းမှာ ရီစတက်တခါထပ်လုပ်ပါမယ် ။ အဲဒါပီးတာနဲ့ မိမိရဲ့ application drawer မှာ SuperSu ကိုတွေ့ရပါလိမ့်မယ် ။  ဒါဆို root လုပ် ခြင်းလုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ် ။ 

Credit : Galaxys4root .Com
Categories:

0 comments:

Post a Comment