Friday 21 June 2013

Posted by jinson on 18:18 No comments
ဒီ root လုပ်တဲ့ method လေးကတော့ အောက်မှာပြထားတဲ့ device အားလုံးမှာပြုလုပ်လို့ရပါတယ် ။


  • International Galaxy Note 2 GT-N7100
  • International Galaxy Note 2 GT-N7105
  • T-Mobile Galaxy Note 2 SGH-T889
  • AT&T Galaxy Note 2 SGH-I317
  • Canadian Galaxy Note 2 with model number starting with SGH-I317 or SGH-T889 such as SGH-I317M or SGH-T889V
ဒါ့အပြင် Android version 4.1.1, 4.1.2, 4.2.1, and 4.2.2. အားလုံးအကြုံးဝင်ပါတယ် ။ root ပြုလုပ်ရန်အတွက် မိမိကွန်ပျူတာမှာ Samsung Driver ရှိနေရပါမယ် ။  မရှိရင်ဒီကနေ Download  ပြုလုပ်ပီးအင်စတောလိုက်ပါ ။ 

ပထမဆင့် ။     ။ မိမိဖုန်းကိုပိတ်လိုက်ပါ ။ ထို့နောက်   Volume Down,  Home နဲ့ Power buttons ကိုနှိပ်ပီး Download mode ထဲသို့ဝင်ရောက်လိုက်ပါ ။ 

ဒုတိယဆင့် ။     ။ warning screen တက်လာသောအခါ volume up တချက်နှိပ်လိုက်ပါ ဒါဆို ဖုန်းမှာအသင့်ဖြစ်သွားပါပီ ။ 

တတိယအဆင့် ။       ။    Root Package ဒီဖိုင်လေးကိုဒေါင်းလုဒ်ပြုလုပ် ပြီးဇစ်ဖြည်လိုက်ပါ ။ ထို့နောက် ဇစ်ဖြည်လို့ရလာတဲ့ ဖိုဒါထဲက Odinဆိုတဲ့ဖိုင်လေးကို run ပေးပါ ။ 

စတုထ္တဆင့် ။       ။ အဲဒီနောက် Odin ထဲက PDA ဆိုတဲ့ အကွက်လေးကို အမှန်ခြစ်ပေးပီး PDA ကိုနှိပ်လိုက်ပါ ။ အဲဒီအခါ အထက်အဆင့်က ဇစ်ဖြည်လို့ရလာတဲ့ cwm6-root-note2.tar ဖိုင်ကိုရွေးပီး Ok လုပ်လိုက်ပါ ။ 

ပဉ္စမအဆင့် ။     ။  download mode ၀င်ထားတဲ့ဖုန်းကို ကွန်ပျူတာနဲ့ USB ကြိုးအသုံးပြုပြီး ချိတ်ဆက်လိုက်ပါ ။ အဲဒီအခါ Odin မှ ID:COM ဆိုတဲ့စာသားအောက်ကအကွက်ထဲမှာ အ၀ါရောင် ( တချို့အပြာရောင်ပေါ်ပါသည်။ အရောင်ကပြသနာမရှိပါ ) ပေါ်လာပါမယ် ။ အဲဒီကျရင် Odin က Start ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ ။ 
အဲဒီအခါ Odin မှ root ကိုစတင်အင်စတောနေပါလိမ့်မယ် ။ 


ဆဌမအဆင့်။     ။  Odinမှာ Pass ဖြစ်သွားတာနဲ့ ဖုန်းက အော်တို ရီစတက်ချ ပီးလိုအပ်သည်များကိုအလုပ်လုပ်နေ ပါလိမ့်မယ် ။ ထိုအခါ Odin ကိုပိတ်လို့ရသွားပါပြီ ။ ထို့နောက် ဖုန်းမှာ ရီစတက်တခါထပ်လုပ်ပါမယ် ။ အဲဒါပီးတာနဲ့ မိမိရဲ့ application drawer မှာ SuperSu ကိုတွေ့ရပါလိမ့်မယ် ။  ဒါဆို root လုပ် ခြင်းလုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ် ။ 


Credit : Galaxy Note2Root. Com







Categories:

0 comments:

Post a Comment