Thursday 4 July 2013

Posted by jinson on 20:34 No comments

မိမိဖုန်းမှာ pattern lock ,pass code lock , ဘာလော့ညာလော့ လော့မှန်သမျှကို root access ရှိရုံနဲ့ SMS တစောင်ပို့ပီး reset လုပ်လို့ရပါပြီ ။  လိုအပ်ချက်အနေနဲ့ မိမိဖုန်းဟာ root access ရတဲ့ဖုန်းဖြစ်ရပါမယ် ။ 

လုပ်ပုံလုပ်နည်းကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ ။ ပထမဆုံး SMS Bypass ကိုမိမိဖုန်းထဲအင် စတော လုပ် လိုက်ပါ ။ အဲဒီနောက်မှာ SMS Bypass application ကိုဖွင့်လိုက်ပါ ။ enable remote password reset ကိုအမှန်ခြစ်ပေးပါ ။  secret code ကိုမိမိနှစ်သက်တဲ့ number ပြောင်းပေးပါ ။ မူလ code က 1234 ဖြစ်ပါတယ် ။ အဲဒါဆိုပြီးသွားပါပြီ ။

မိမိဖုန်းမှာ pattern lock ,pass code lock , ဘာလော့ညာလော့ မေ့သွားပြီဆိုတာနဲ့ တခြားဖုန်းတလုံးလုံးကနေ မက်ဆေ့တစောင်ပို့ပေးရပါမယ် ။ အဲဒါဆို မိမိဖုန်းက အော်တို ရီစတက်ကျပြီး lock တွေကို reset လုပ်ပေးသွားမှာဖြစ်ပါတယ် ။ 

ဥပမာ မိမိက secret code ကို 1234 ပေးထားရင် ။  ဖုန်းတလုံးလုံးကနေ မိမိ lock ဖြုတ်ချင်တဲ့ဖုန်းကို   1234 reset (စပေ့ဘားခြားပေးပါ)လို့မက်ဆေ့ရိုက်ပြီး ပို့လိုက်တာနဲ့ ဖုန်းက အော်တို ရီစတက်ကျပီး ပြန်ပွင့်လာတာနဲ့ lock ပြုတ်သွားမှာဖြစ်ပါတယ် ။  တကယ်လို့ pattern lock ကိုမြင်နေရသေးရင်လဲ မိမိကြိုက်သလို pattern ဆွဲလိုက်တာနဲ့ ၀င်သွားမှာဖြစ်တယ်လို့ ရေးထားပါတယ် ။ 

မှတ်ချက် ။  ။ အခုမှစပြီး develop လုပ်တာမို့ ဖုန်းတိုင်းနဲ့အဆင်ပြေချင်မှပြေပါလိမ့်မယ် ။ အရင် စမ်းသပ်ကြည့် ကြပေးပါ ။ 

Download



Credit : mb-14 (xda)






Categories:

0 comments:

Post a Comment